ဆေး(၁)လမ်းမတော် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတစ်ခုဖြစ်သော သစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ဆေး(၁) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် ဆေးတက္ကသိုလ် (၁) ရန်ကုန် လမ်းမတော်ပရဝုဏ်တွင်ပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး၊ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်းတို့ဦးဆောင်ခဲ့ပြီး စိတ်ပါဝင်စားသူ ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ ပါဝင်စိုက်ပျိုးခဲ့ကြသည်။