Department of Physiology

ပါမောက္ခဒေါက်တာဥမ္မာ

M.B.,B.S.; M.Med.Sc. (Physiology) PhD (Physiology); Dip.Med.Ed.

Background History

ဇီဝကမ္မဗေဒဘာသာရပ်သင်ကြားမှုကို မြန်မာနိုင်ငံတွင် အနောက်တိုင်းဆေးပညာသင်ကြားရေးအား ဆေးကုသခွင့်လိုင်စင် ၄-နှစ်သင်တန်း (four-year Licentiate of Medical Practitioner)အဖြစ် စတင်ခဲ့သော ၁၉၀၇ ခုနှစ်ကာလ ကတည်းက စတင်ခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် MBBS ဘွဲ့သင်တန်း စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ဇီဝကမ္မဗေဒဘာသာရပ်ကို ဒုတိယနှစ်တွင် ထည့်သွင်းသင်ကြားခဲ့သည်။ ပထမဆုံးဇီဝကမ္မဗေဒပါမောက္ခကို ၁၉၂၇ ခုနှစ်တွင် ခန့်အပ်ခဲ့သည်။ ၁၉၅၆ ခုနှစ်မတိုင်မီထိနိုင်ငံခြားသား ပါမောက္ခများမှ သင်ကြားပေးခဲ့ကြသည်။ အီဒင်ဘရာတက္ကသိုလ်မှ ဒေါက်တာမြတူ၏ ပါရဂူဘွဲ့ အောင်မြင်စွာပြီးမြောက်ခြင်းဖြင့် မှတ်ကျောက်တင်နိုင်ခဲ့သည် မြန်မာနိုင်ငံသား ဇီဝကမ္မဗေဒညာရှင်များ မွေးထုတ်နိုင်လာသည့် ၁၉၅၆ ခုနှစ် မှစ၍ ဇီဝကမ္မဗေဒသင်ကြားရေးကို မြန်မာဇီဝကမ္မဗေဒပညာမျိုးဆက်များမှ ပညာရပ်၏လိုအပ်ချက်၊ ခေတ်ကာလပြောင်းလဲမှု၏ လိုအပ်ချက်၊ ဆေးကျောင်းသားများ၏ လိုအပ်ချက်များကို လိုက်၍ တိုးတက်မွမ်းမံကာ သင်ကြားခဲ့ကြသည်။ Histology နှင့် Organic Chemistry သင်ကြားမှုကို ခန္ဓာဗေဒဘာသာနှင့် ဓါတုဗေဒဘာသာရပ်များသို့ ၁၉၆၄ ခုနှစ် ဧပြီလတွင် အသီးသီး လွှဲပြောင်းပေးခဲ့သည်။ ဇီဝဓါတုဗေဒဘာသာရပ်သည် ၁၉၈၇ ခုနှစ်မှစ၍ သီးခြားဘာသာရပ်အဖြစ် ခွဲ၍ သင်ကြားခဲ့သည်။ ဘွဲ့ကြိုဆေးပညာဆိုင်ရာ ဒုတိယနှစ် ဇီဝကမ္မဗေဒဘာသာရပ်သင်ကြားရေးကာလကို ၁၉၆၄ ခုနှစ်တွင် နှစ်နှစ် မှ (၁၈) လအထိ လည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် (၁၈) လမှ တစ်နှစ်အထိလည်းကောင်း လျှော့ချခဲ့သည်။ ဆဌမအကြိမ် ဆေးပညာသင်ကြားရေးဆွေးနွေးပွဲ၏ ညွှန်းဆိုချက်အရ ၂၀၀၄ ခုနှစ်မှစ၍ ဇီဝကမ္မဗေဒဘာသာရပ်ကို ပထမနှစ်တွင် ၃ လ ထည့်သွင်းသင်ကြားခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ဇီဝကမ္မဗေဒဘာသာရပ်အပါအဝင် ဒုတိယနှစ်သင်ကြားခြင်းကို တစ်နှစ်ခွဲ သို့ ပြန်လည်တိုးမြှင့်ခဲ့ပြီး ဒုတိယနှစ်တွင်သာ ဇီဝကမ္မဗေဒသင်ကြားမှုကို ဆောင်ရွက်ခဲ့သည်။ ဘွဲ့လွန်သင်ကြားရေးနှင့်ပတ်သက်၍ ဆေးပညာမဟာသိပ္ပံ (ဇီဝကမ္မဗေဒ) ဘွဲ့ကို ၁၉၇၁ နှစ်တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး တစ်နှစ်လျှင် (၃) ဦးမှ (၅) ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့သည်။ ဘွဲ့လွန်သင်ရိုးညွှန်းတမ်းကို အစဥ်တစိုက် ပြုပြင်မွမ်းမံခဲ့သည်။ အကြီးစားပြန်လည်သုံးသပ်ခြင်းနှင့်မွမ်းမံမှုများကို ၂၀၀၅ ခုနှစ်၊ ၂၀၀၆ ခုနှစ်၊ ၂၀၁၂ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်များတွင် လုပ်ဆောင်ခဲ့သည်။ ဇီဝကမ္မဗေဒဆိုင်ရာ ပါရဂူဘွဲ့ကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခုထိ ပါရဂူ (၁၁) ဦးနှင့် မဟာသိပ္ပံဘွဲ့ရသူ (၇၂) ဦး မွေးထုတ်ခဲ့ပြီးဖြစ်သည်။ ဇီဝကမ္မဗေဒဌာနရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ဇီဝကမ္မဗေဒဌာနမှ သုတေသနစာတမ်းများ ဆောင်ရွက်ဆဲ သုတေသနများ

Department Heads

No Name Graduate From - To
1 Professor Major J Cropper M.B.,B.S.; M.Med.Sc. (Physiology) PhD (Physiology); Dip.Med.Ed. till 1942
2 Professor William Burridge DM (Oxford) 1946 - 1947
3 ပါမောက္ခ ဒေါက်တာ ဦးအေး MBBS (Rgn.), LRCP, MRCS (Lond.), FRCP (Edin.), FRCP (Lond.), DTM&H (Edin.) 1948 - 1958
4 ပါမောက္ခ ဒေါက်တာ မြတူ MBBS (Rgn.), PhD (Edin.) 1959 - 1964, 1969 - 1973
5 ဒေါက်တာမြင့်သိန်း MBBS (Rgn.), PhD (Leeds) 1964 - 1969
6 ပါမောက္ခဒေါက်တာဒေါ်ကြည်ကြည်မေ MBBS (Rgn.), MSc (W. Ontario) 1974 - 1990
7 ဒေါက်တာဒေါ်တင်လှ MBBS (Rgn.), MSc (Rgn.) 5/1990 - 7/1990
8 ပါမောက္ခဒေါက်တာဒေါ်လီလီယံပို MBBS (Rgn.), MSc (Rgn.) 8/1990 - 4/1992
9 ပါမောက္ခဒေါက်တာဒေါ်လှရီရီ MBBS (Rgn.), MSc (Mdy.), PhD (Lond.) 5/1992 - 8/1995
10 ပါမောက္ခဒေါက်တာဦးညွန့်ဝေ MBBS (Rgn.), MSc (Rgn), PhD (Lond.) 8/1995 - 8/2006
11 ပါမောက္ခဒေါက်တာဒေါ်ခင်မျိုးချစ် MBBS (Rgn.), MSc (Rgn.), PhD (Lond.) 9/2006 - 3/2007
12 ပါမောက္ခဒေါက်တာဒေါ်မြတ်သန္တာ MBBS (Rgn.), PhD (Japan), Dip. Med. Ed. 4/2007 - 5/2014
13 ပါမောက္ခဒေါက်တာဒေါ်ဥမ္မာ MBBS (Rgn.), MMedSc (Physiology), PhD, Dip. Med. Ed. 6/2014 - ယခုထိ

Contact Ph. No and Email

No Name Rank Phone Number Email
1 ဇီဝကမ္မဗေဒဌာန 09425748372
01-534311 (ext:34)