RECTOR MESSAGE


ပါမောက္ခဒေါက်တာဇော်ဝေစိုး

ပါမောက္ခချုပ်

ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်

 

၁၉၂၇ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့သောဆေးတက္ကသိုလ်(၁)ရန်ကုန်သည် ယခု ၂၀၁၆ခုနှစ်တွင် (၈၉)နှစ်သက်တမ်းသို့ ရောက်ရှိပြီဖြစ်ပါသည်။

ဆေးတက္ကသိုလ်(၁) သည် နိုင်ငံတော်အတွက် လိုအပ်သောအရည်အချင်းပြည့်ဝသည့် ပြည်သူ့အကျိုးပြုဆရာဝန်များ၊ အထူးကုဆရာဝန်များမွေးဖွားရာနေရာမွန် ဖြစ်ပါသည်။

၂၀၁၆ခုနှစ်သည် မြန်မာနိုင်ငံ၏ အပြောင်းအလဲ၊ အမျိုးသားပညာရေးစနစ်၏ အပြောင်းအလဲ၊ ဆေးတက္ကသိုလ်များ၏ အပြောင်းအလဲများနှင့် တိုက်ဆိုင်လျက် ရှိပါသည်။ မိမိတို့ ဆေးတက္ကသိုလ်အနေဖြင့် ဥပဒေနှင့်အညီပွင့်လင်းမြင်သာပြီး၊ စည်းကမ်းနှင့်အညီလွတ်လပ်သည့် နိုင်ငံတကာနှင့်အညီအရည်အသွေးမြင့်မားစွာဖြင့် သမိုင်းအစဉ်အလာဂုဏ်သိက္ခာများနှင့်လျော်ညီစွာနိုင်ငံတော်၏ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များအားတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည့် ဆေးပညာ သင်ကြားရေးစနစ်ကိုဦးတည်ပြီးပြောင်းလဲခြင်းများစွာဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကာလလည်းဖြစ်ပါသည်။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သော ဒဿမအကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲမှ ထွက်ပေါ်လာသည့် ဆေးပညာသင်ကြားရေး ဆိုင်ရာပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတကာဆေးပညာနယ်ပယ်တွင် Center of Excellence in Medical Education အဖြစ် ရပ်တည်နိုင်ရေးကိုရည်မှန်းလျက် ပြောင်းလဲလာသော ခေတ် စနစ်နှင့်အညီဆောင်ရွက်လျက်ရှိပါသဖြင့်-

“     မြန်မာ့ဆေးပညာ

       တစ်ခေတ်ဆန်းမှာဖြင့်

       ကမ္ဘာ့အဆင့်အတန်းကိုတဲ့

       တက်လှမ်းတော့မည်၊

       မလွဲမသွေရောက်ရမည် အဓိဌာန်ထား

       ဒို့ မြန်မာဆရာဝန်တွေ

       ညီညီညာညာ

       ကြိုးပမ်းကြပါစို့ရဲ့

ဇွဲနှင့် မာန်နှင့် ခွန်အား။  ” ဟုကြိုဆိုနှုတ်ခွန်းဆက်အပ်ပါသည်။

   


greeting massage.pdf